ငဖဲမြို့နယ် ရုံးရှေ့မြေစိုက်ဘုတ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

ငဖဲ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ၊ ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်(၉)ချက်၊ ၂၀၂၅ ခုနှစ်  (၇၇)နှစ်မြောက လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊  ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့သရုပ်ဖော် ကဗျာ၊ ပန်းချီ၊ ဓါတ်ပုံများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)