စလင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

စလင်း  ဇန်နဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား  အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း ရွှေတိဂုံစေတီအလယ်ပစ္စယံ၌  ကျင်းပသော  ဖဆပလညီလာခံကြီး၌  ပြောကြားသည့်  မိန့်ခွန်းကောက်နှုတ်ချက်များတွင်  ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့  ပထမဆုံးသော  လွတ်လပ်ရေးနေ့ အခမ်းအနားတွင်  ဝန်ကြီးချုပ်ဦးနု  ပြောကြားခဲ့သည့်  မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  ၄.၁.၂၀၂၄. ရက်နေ့  (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့  ပေးပို့ခဲ့သည့် သဝဏ်လွှာမှ  ကောက်နှုတ်ချက်၊ (၇၇)နှစ်မြောက်  လွတ်လပ်ရေးနေ့  အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးကာလတစ်လျှောက်  ချုပ်ဆိုခဲ့သည့်  စာချုပ်များ၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် “မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်း”ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)