မြို့သစ်မြို့တွင်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မြို့သစ် ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို (အ.ထ.က)(၁)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့နေ့လည်(၁)နာရီအချိန်က လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာအဖြစ် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်ခေါင်းစဉ်ဖြင့် (၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်)၊ အေးအတူ ပူအမျှ ခေါင်းစဉ်ဖြင့် (၁၉၄၆ ခုနှစ် ဇန် နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ ကျင်းပသောဖဆပလညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်) ဘိုမျိုး(ရွှေဘို၏ မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်းကဗျာ၊ အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄-၁-၂၀၂၄)ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက်စသည်ဖြင့် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနှင့် သက်ဆိုင်သော နိုင်ငံတော်အကြီးအကဲများ၏ အဆိုအမိန့်များနှင့် ဗဟုသုတရဖွယ်များဖော်ပြပါရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)