မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က စကုမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါခြင်းလုံးပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်လူရွယ်ကလေးများ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်၍ ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း စကုမြို့ အားကစားကော်မတီဥက္ကဋ္ဌ ဦးချိုစန်းလွင်ဦးက ပြောသည်။
ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၁၀) သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသည့်အသင်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)