မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်ကွက်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အားကစားကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂိုးလတ်ဘောလုံးပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ အားပေးခဲ့ကြသည်။
အဆိုပါ အမျိုးသား(အလွတ်တန်း) ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ၂၀၂၄ ဇန်နဝါရီ ၂ ရက်နေ့မှစတင်ကာ အသင်း (၈) သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘောလုံးပြိုင်ပွဲကို အားကစားကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)