အောင်လံ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စက်ဘီးအားကစားဆပ်ကော်မတီမှ ကျင်းပရာ အဆိုပါပြိုင်ပွဲကို တရော်ကုန်းရပ်ကွက် ပြည်လမ်းနှင့်(၁၀)လမ်းဆုံ၊ ကမ္ဘာ့ရတနာဘဏ်ရှေ့မှ Road Bike ပြိုင်ပွဲ အောင်လံ-ကျော်စွာ-အောင်လံ အသွားအပြန်မိုင် (၅၄)မိုင်၊ Mountain ပြိုင်ပွဲ အောင်လံ-ပြလို့-အောင်လံ အသွားအပြန်မိုင် (၃၂)မိုင် စက်ဘီးပြိုင်ပွဲများကျင်းပခဲ့သည်။
ရှေးဦးစွာ တာဝေးစက်ဘီးပြိုင်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်မှ သေနတ်ပစ်ဖောက်၍ ပြိုင်ပွဲအားစတင်တာလွှတ်ခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်ချိန် စတင်ပန်းဝင်လာသူများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စက်ဘီးဆပ်ကော်မတီအဖွဲ့တို့မှ တာဝန်ရှိသူများက ပြိုင်ပွဲတွင်ပန်းဝင်လာသူအားလုံးကို ဆုတံဆိပ်နှင့် ဆုငွေများ ဇွဲဆုများ အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)