ကျွန်းလှ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေအားကစားခန်းမ၌ ကျင်းပသည်။
ထို Myanmar Fitness Dance ပြိုင်ပွဲသို့ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း ၈ သင်း၊ အားကစားသမား (၄၀) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှ သိရသည်။
အဆိုပါ Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုချီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)