(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့တွင် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင်ဆွေ ဦးဆောင်၍ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျောင်းတွင် အတန်းစဥ်အလိုက် အပြေးပြိုင်ပွဲ၊ ကုလားထိုင်လု၊ အိတ်စွတ်၊ ဖားကုန်၊ စကောရွက်၊ အာလူးကောက်၊ ဇွန်းကိုက်နှင့် ပူပေါင်းနင်း ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။ ယင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား၊ ကျောင်းသူများကို ဇန်နဝါရီ ၁၀ ရက်၌ ကျင်းပမည့် စုံညီပွဲတော်တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

ထို့ပြင် အားကစားပြိုင်ပွဲများကို ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ပြိုင်ပွဲများကျင်းပပေးလျက်ရှိကြောင်းနှင့် ကျောင်းသားလူငယ်များ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)