ပလောက် ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့ကို မမေ့အပ်ပြီး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပလောက်)၌ ကျင်းပသည်။
အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် မြို့မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကြည့်ရှုခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
နှင်းမြူလွင် (ပလောက်)