တောင်ငူ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီမှကြီးမှူး၍ ပထမ(အကြိမ်) စက်ဘီးအပျော်စီးပွဲတော်ကို ယနေ့နံနက် (၆)နာရီအချိန်က မိုင်ဒါကွင်း၌ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူမြို့၊ မိုင်ဒါကွင်းမှ ရန်ကုန်- မန္တလေးလမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ဓာတုကလျာလမ်း၊ ကန်လမ်းအတိုင်း မိုင်ဒါကွင်းသို့ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူ စက်ဘီးအပျော်စီးသူများ စုစုပေါင်း (၁၅၀)ဦးခန့်က ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်းနှင့် အဆိုပါစက်ဘီးအပျော်စီးပွဲသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးယဥ်ဌေးနှင့် မြို့မိမြို့ဖများ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်ကိုကို(တောင်ငူ)