ပလောက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းလွန်ကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပ

ပလောက်  ဇန်နဝါရီလ ၂

တနင်္သါရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် မူလွန် ကျောင်းတို့၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းများရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများတွင် မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲနှင့် အမြင့်ခုန်ပြိုင်ပွဲများ ပါဝင်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထက်မြက်စေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်လိုစိတ်ရှိရန်နှင့် ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီက ပြောသည်။

နှင်းမြူလွင် (ပလောက်)