ငပုတောမြို့နယ် တံခွန်တိုင်ကျေးရွာ၌ ရေဆင်းစပ်မျိုးနေကြာ(၂)ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ငပုတော ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တံခွန်တိုင်ကျေးရွာ၌ ရေဆင်းစပ်မျိုးနေကြာ(၂)ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တံခွန်တိုင်ကျေးရွာ‌တောင်သူ ဦးလှထွန်းအေး၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်ရာမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ကျော်သူက ဆီထွက်သီးနှံ ဖူလုံမှုရရှိစေရေးအတွက် နေကြာမျိုးစေ့များကို စိုက်ပျိုးရခြင်းဖြစ်ကြောင်းပြောကြားပြီး ဒေသခံတောင်သူများထံ ရေဆင်းစပ်မျိူးနေကြာ (၂)မျိုးစေ့များကို ပေးအပ်သည်။ ထို့နောက် စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ ရေဆင်းစပ်မျိုးနေကြာ (၂)မျိုးစေ့များအား စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)