ဓနုဖြူ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ဦးဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စု၊ သုခဝတီ သီလရှင်စာသင်တိုက်ရှေ့မှစတင်၍ မြို့တွင်းလမ်းတစ်လျှောက် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဓနုဖြူမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက်(၇)တိုက်မှ ပရိယတ္တိသာသနာ့တာဝန်ကို ထမ်းဆောင်တော်မူကြသည့် သာသနာ့နွယ်ဝင် သီလရှင်အပါး (၈၀)ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ငရုတ်၊ ကြက်သွန်၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲအမျိုးမျိုး၊ လက်ဖက်ခြောက်နှင့် ဝတ္ထုငွေအစရှိသော လှူဖွယ်ပစ္စည်းအစုစုတို့ကို မြို့နယ်အတွင်းရှိ အလှူရှင်များက လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)