(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်၊ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ ဇန်နဝါရီ ၁

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်ရှိ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။  

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့တွင်း လမ်းများအားလုံး ခေတ်မီနိုင်လွန်ကတ္တရာလမ်းများ ဖြစ်ပေါ်စေရေးအတွက် နိုင်လွန်ကတ္တရာစက်ရုံနှင့် ဆက်စပ်ယန္တရားအပြည့်အစုံအား စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ယခုဆိုလျင် တစ်မြို့လုံးအနေဖြင့် နိုင်လွန်ကတ္တရာလမ်းပေါင်း ၁၅၅ လမ်း အရှည်မိုင်အားဖြင့် ၆၁ မိုင်၊ ၀.၇၁ ဖာလုံ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ မြို့ပေါ်ရှိလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးသကဲ့သို့ ဈေးအသစ်များ အကောင်အထည်ဖော်ခြင်း၊ ဈေးဟောင်းများ ပြုပြင်မွမ်းမံအဆင့်မြှင်တင်ဆောင်ရွက်ပေးခြင်း၊ လူထုအပန်းဖြေနားနေရန်နေရာများ ဆောင်ရွက်ပေးခြင်းနှင့် မြို့သာယာလှပရေးလုပ်ငန်းများအား အသစ်ဖန်တီးဖော်ဆောင်၍ ပြည်သူများ၏ လိုအပ်ချက်အား အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်၊ အမှတ် ၁၊ အမှတ် ၂ ၊အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်းနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ခဲ့မှု အခြေအနေအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဠ ဦးကိုကိုလွင်တို့က မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်၊ အမှတ် ၁၊ အမှတ် ၂ ၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဘင်ခရာ/ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်းသည် အရှည် ၂၅၃၅ ပေ၊ အကျယ် ၁၈ ပေ၊ ရတနာပုံ ရပ်ကွက်အမှတ် (၁) လမ်းသည် အရှည် ၈၀၀ ပေ၊ အမှတ် (၂) လမ်းသည် အရှည် ၉၁၀ ပေ၊ အမှတ် (၃) လမ်းသည် ၁၀၀၀ ပေ၊ အမှတ် (၄) လမ်းသည် အရှည် ၁၁၂၀ ပေ၊ အမှတ် (၅) လမ်းသည် အရှည် ၁၂၅၀ ပေ၊ မြသီတာလမ်းသည် အရှည် ၅၃၀ ပေ၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်းသည် အရှည် ၈၀၀ ပေဖြစ်ကာ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း၏ စုစုပေါင်း အရှည် ၈၉၄၅ ပေအား မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့ သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး၌ အလျား - ၁၂ ပေ၊ အနံ - ၁၀ ပေရှိ ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်း ပါဝင်သည့် အလျား - ၂၇၉ ပေ၊ အနံ - ၂၄ ပေ RC ၂ ထပ်အဆောက်အဦသစ် တည် ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)