ရွှေဘို ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးမြမွန်က သင်တန်းဆင်းအမှာစကားပြောကြားရာ “ဖိနပ်ချုပ်အတတ်ပညာသည် အသက်မွေးဝမ်းကြောင်းအတွက် အလွန်အရေးကြီးသော အတတ်ပညာတစ်ခုဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ယူထားသော ပညာရပ်များကို အသုံးချ၍ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထုတ်ကုန်များကို တာဝန်ရှိသူအသီးသီးက ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာ “သင်တန်းတွင် သင်ကြားပေးခဲ့သည့် ပညာရပ်များကို လက်တွေ့တွင် အသုံချနိုင်သည်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် လေ့လာခဲ့သော အတတ်ပညာများကို အသုံးချ၍ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၂)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်