မင်းဘူး(စကု)မြို့နယ် ပိုက်သင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့

မင်းဘူး ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပိုက်သင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပိုက်သင်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြ၍ ဒေသခံတစ်ဦးက ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တာဝန်ရှိသူများက အထိမ်းအမှတ်တမ်းနှင့် ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးခဲ့ပြီးနောက် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပိုက်သင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လမ်းအရှည် ၅၈၂ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို (နိုင်ငံတော်မှထောက်ပံ့ ရန်ပုံငွေ)စီမံကိန်းခွင့်ပြုငွေ ကျပ် ၁၅ သန်းနှင့် ဒေသခံပြည်သူများမှ စုပေါင်းထည့်ဝင်ငွေ ၆ ဒသမ ၈၂၅ ကျပ်သန်းတို့ဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး၍ ကျေးရွာတွင်းလမ်းအား ကွန်းကရစ်လမ်းသစ်အဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၃၇ အိမ်မှ လူဦးရေပေါင်း ၆၁၂ ဦး၏ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရေရှည်­­အထောက် အကူပြုစေမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)