ဝါးခယ်မ ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေရပ်ကွက်၊ ဂင်္ဂါရာမလမ်းရှိ စက်ရုံအခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် စက်ရုံအဘိဓဇခန်းမ လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမန (နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု) အမှူးပြုသော သံဃာတော်များ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်ပညာရေးမှူး ဦးဌေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းစမ်စွမ်း နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြပြီး “စက်ရုံအခြေခံပညာ အထက်တန်းကျောင်း” ဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခြင်း၊ ဆရာတော် ဘဒ္ဒန္တသုမနက အမွှေးနံ့သာရည်များ ပက်ဖြန်း၍ ၎င်းကျောင်းတိုက်ရှိ “စက်ရုံအဘိဓဇခန်းမ” (ကာလတန်ဖိုးငွေကျပ် ၃၀၀၀ သိန်း)အား ပညာရေးဌာနသို့ လွှဲပြောင်းလှူဒါန်းရာ ခရိုင်ပညာရေးမှူး ဦးဌေးဝင်းက လက်ခံရယူခြင်း၊ အခမ်းအနား တက်ရောက်သူများအား ဆရာတော် ဘဒ္ဒန္တသုမနက နေ့လည်စာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)