စလင်းမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

စလင်း ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်တွင်  (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်ရေးဖလား အားကစားပြိုင်ပွဲများကို  စလင်းမြို့နယ် ပြည်သူ့အားကစားကွင်း၊ စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ပေါင်းနားရပ်ကွက် လင်းဖူဆယ်အားကစားကွင်းတို့တွင်  ယနေ့ဇန်နဝါရီလ (၁) ရက် နံနက် (၉) နာရီအချိန်မှ  စတင်ကာ ကျင်းပပြုလုပ်ယှဥ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍  မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ ကြက်တောင်ရိုက်ပြိုင်ပွဲ၌ ကျား (၁၃) ဦး၊ မ (၁၅) ဦး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံလေလုံအားကစားရုံတွင် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ လူသစ်တန်းကျား (၂၄) ဦး၊ အလွတ်တန်း(၈) ဦးယှဥ်ပြိုင်ကစားလျက်ရှိပြီး၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက် (လင်းဖူဆယ်အားကစားကွင်း) တွင်  Golden Brother FC အသင်း၊ Golden Kind FC အသင်း၊ Phoe Kyaw FC အသင်း၊ UHW FC အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ  Golden King FC အသင်းမှ (၅) ဂိုး၊ Golden Brother FC အသင်းမှ (၃) ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး  အသင်း (၄) သင်းပတ်လည်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကာ ပြိုင်ပွဲအားလုံး အမှတ်အများဆုံး ရရှိသည့်အသင်းအား ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် အားကစားပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့အလံတင်အခမ်းအနား သဝဏ်လွှာဖတ်ပွဲအပြီးတွင် ဆုများချီးမြှင့်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း  သိရသည်။

(မောင်လွင်)စလင်း