အောင်လံ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် အောင်လံမြို့ စိုက်ပျိုးရေးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာပေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် TTY Co.Ltd နှင့် Heim Hlyan Soe Co.Ltd တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းပြသခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာပေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဆောက်လုပ်ပြီးစီးသော စာသင်ဆောင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ ကြက်မွေးမြူရေးလုပ်ငန်းရှင်များက ကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်မွေးမြူရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကြက်မွေးမြူရေးဇုန်အတွင်း ကြက်များ မွေးမြူထားရှိမှုအား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၂၀၂၃-၂၀၂၄) (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရေအရင်းအမြစ် အောင်လံမြို့နယ်၊ နံဇူပင်လျှပ်စစ်ရေတင် လုပ်ငန်းတွင် 227.4 Kw ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)