ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့မှ ငပုတောမြို့နယ်တွင် Green City ၊ Clean City ‌ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ငပုတော ဇန်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အား Clean City ၊ Green City ဆု ရွေးချယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦး‌ဆောင်သောအဖွဲ့မှ လာရောက်ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်ယာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောစစ်ဆေးရေးအဖွဲ့မှ မြို့အဝင်ဆိုင်းဘုတ်များ၊ မြေခင်းအလှ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၊ ပန်းခြံ၊ လမ်းများ၊ ရေမြောင်းများ၊ သတိပေးဆိုင်းဘုတ်များကို စစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝ‌ဏ္ဏဝင်းနှင့်တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြ‌ ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)