အောင်လံမြို့နယ်၌ ကသစ်ကန်နယ်မြေ မီးသတ်စခန်းဖွင့်ပွဲကျင်းပ

အောင်လံ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာအုပ်စု ကသစ်ကန်ကျေးရွာတွင် ကသစ်ကန်နယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်ကူညီခဲ့သည့် တိုင်းရင်းသားအဖွဲ့နှင့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဖွင့်လှစ်တဲ့ နယ်မြေမီးသတ်စခန်းသည် ကသစ်ကန်ကျေးရွာ အနီးတဝိုက်မှာရှိတဲ့ကျေးရွာများက ပြည်သူများအတွက် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး နယ်မြေမီးသတ်စခန်းသစ်အား သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးထံ လွဲပြောင်းပေးအပ်ခဲ့ကာ ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)