ငွေဆောင် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ဒီဇင်ဘာလ (၂၈) ရက်နေ့မှ စတင်ကာ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စဥ်ဆက်မပြတ် လာရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်း၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်း သာမက ပြည်ပခရီးသွားဧည့်သည်များပါ စဥ်ဆက်မပြတ် လာရောက်အပန်းဖြေရာ ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။
လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် မြို့ထဲရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူခြင်း၊ ကမ်းခြေတွင် လမ်းလျှောက်ခြင်း၊ အပန်းဖြေခြင်း၊ ရေကူးခြင်းတို့အပြင် Speed Boat ၊ Banana Boat တို့ဖြင့် ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူတို့အား သွားရောက်လည်ပတ်ခြင်း၊ မိုးမခဆင်စခန်းနှင့် ငွေဆောင်ဆင်စခန်းသို့ သွားရောက်လည်ပတ်ခြင်းဖြင့် ရုံးပိတ်ရက်များကို လာရောက်အပန်းဖြေကြကြောင်း သိရသည်။
R – 014(ငွေဆောင်)