ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နေကြာမျိုးစေ့ချ စိုက်ပျိုးပွဲနှင့် ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ငပုတော ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တမန်ချောင်း‌ကျေးရွာ၊ ဟင်းအိုးချောင်းကျေးရွာ၊ ကွင်းချောင်းကျေးရွာ၊ ကမ်းနီကျေးရွာ၊ စမ်းချောင်းစဉ့်အိုးဖို ကျေးရွာအုပ်စု (၅) အုပ်စုတွင် ကျင်းပပြုလုပ်သည့် နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်အားပေးကာ နေကြာမျိုးစေ့များကို တောင်သူများထံ ပေးအပ်ပြီး စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ စုပေါင်း ကြဲပက်စိုက်ပျိုးကြသည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များသည် တမန်ချောင်းကျေးရွာ တောင်သူ နန့်မြရွှေ၏ လယ်မြေ ၅ ဧကတွင် GW-11 နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှု့အားပေးကာ သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် အထူးအလေးထားဆောင် ရွက်ရေး၊ ရိုးပြတ်ကျန်ဖော်ထုတ် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)