ကျောင်းကုန်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်

ကျောင်းကုန်း ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ TS စက်သုံးဆီဆိုင်၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းသို့ ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးမှူးဦးတင်ဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် TS စက်သုံးဆီဆိုင်ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်း၊  မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)