ထားဝယ် ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ အပန်းဖြေပျှော်ရွှင်ချမ်းမြေ့စေရန်နှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာကြိုဆိုနိုင်ရန် ရည်ရွယ်၍ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင်တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
ထို့သို့ တေးဂီတဖျော်ဖြေသို့ လာရောက်ပါဝင်ဆင်နွှဲကြသော ပြည်သူလူထုများကို လုံခြုံစိတ်ချစွာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ရင်ပြင်အတွင်းသို့ဝင်ရောက်စဉ် တာဝန်ရှိသူများကဝင်ပေါက်ဂိတ်များတွင် လုံခြုံရေးအရလိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး ဖျော်ဖြေပွဲဝန်းကျင်နေရာများနှင့် အနီးဝန်းကျင်များကိုလည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် လာရောက်ပါဝင်ဆင်နွှဲကြသူများ စားရေးသောက်ရေး အဆင်ပြေစွာဝယ်ယူစားသောက်နိုင်ရန်အတွက် ရင်ပြင်အတွင်း စားသောက်ဆိုင်များ၊ ဈေးဆိုင်ခင်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆို်ငများ၊ ဒေသရိုးရာအစားစာများကို ရောင်းချပေးလျက်ရှိရာ ဝယ်ယူအားပေးစားသောက်ကြသူများဖြင့် စည်းကာလျက်ရှိကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)