စကုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

 မင်းဘူး         ဒီဇင်ဘာ        ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိဒေသခံပြည်သူများ ပွင့်လင်းရာသီမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က စကုမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စကုမြို့အုပ်ချုပ်ရေးမှူးဦးချိုစန်းလွင်ဦးနှင့် စကုနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးဦးဇော်မင်းထွေးတို့ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ နေအိမ်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အရန်သင့်စီစဉ်ဆောင်ရွက်ထားရှိရေးနှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်(၄)ရပ်အညီ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းနှင့် အသိညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)