ဘုရားသုံးဆူ ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် ဧက စုစုပေါင်း (၁၀)ဧကကို မျိုးစေ့ထုတ်လုပ်ငန်းစဉ် နည်းပညာနှင့်အညီ စိုက်ပျိုးဆောင်ရွက် နိုင်ခဲ့ပြီး ဧကအသီးသီးမှ အထွက်နှုန်းများ သိရှိနိုင်စေရန်အတွက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့ယ် ၁၁ နာရီအချိန်တွင် ကြိမ်ချောင်းကျေးရွာ၌ ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရိတ်သိမ်းခြင်းကို ဘုရားသုံးဆူမြို့ စိုက်ပျိုးရေး ဦးစီးဌာန နှင့် လယ်ယာမြေစီမံခန်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူ ဦးစောအေဝမ်း၏ လယ်မြေဧက အတွင်း၌ (၆.၆) စံကွက်ရိတ်သိမ်းခဲ့ရာ အထွက်နှုန်း ၁ ဧက အနေဖြင့် စပါးအစို (၆၈.၅၉)တင်းနှုန်း ထွက်ရှိပြီး စုစုပေါင်းလယ်မြေ (၁၀)ဧကတွင် စပါးအစို (၆၈၀.၅၉) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
စောရဲဝင်းထွဋ်
(ပြန်/ဆက်)