ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ကန်ကြီးထောင့်  ဒီဇင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး စောအောင်သိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမှု တိုင်းအတွင်းရေးမှူး မန်းစန်းဝင်းတို့က မြို့နယ်အဆင့်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေများပေးအပ်ရာ ဒေသခံတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့များ၊ တက်ရောက်လာကြသောဧည့်သည်တော်များက ဒေသခံကရင်တိုင်းရင်းသား/သူများ၏ ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအက်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)