သာပေါင်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ စတုတ္တပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က “ကြိုဆိုပါ၏”ဆိုင်းဘုတ်ရှေ့တွင် စုရပ်ပြု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူ ၂၅၀ ခန့်တို့က ပိန္နဲကုန်းတံတားအထိ တစ်ပျော်တစ်ပါး စည်ကားသိုက်မြိုက်စွာ စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းတွင် လေ့ကျင့်ခန်းအတွဲ (၁၊ ၂) ကိုယ်လက်လှုပ်ရှားကြံ့ခိုင်ရေး သွေးပူလေ့ကျင်းခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျား/မ အပြေးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ချိုသဲနှင့် ဌာနဆိုင်ရာများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒီဇင်ဘာလ(စတုတ္တပတ် )စုပေါင်းလူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာတတ်ရောက်ဆင်နွဲကြသူများအား ကောက်ညှင်းပေါင်းများ ဝေငှပေးခဲ့ကြကြောင်း သိရှိရသည်။
မျိုးဇော်သိန်း