ချောက် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အသင်းအမှတ်(၂၀) ကကြီးမှူး၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(၄၆)ကြိမ်မြောက် ၃၈ ရှစ်ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့် (မူလတန်း၊အလယ်တန်း) ဖြေဆိုခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီက ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြေဆိုခဲ့ကြသည်။
ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၀)ကျောင်းတွင် ကျောင်းသား/သူ(၆၉၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား/သူလေးများ ဖြေဆိုနေမှုအား မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးရုံးမှ ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိတို့က အနီးကပ်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၃၈ ရှစ်ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ချောက်မြို့ ကျက်သရေ ဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ဆုချီးမြှင့်ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ဆုချီးမြှင့်ဂုဏ်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)