ရွှေဘိုမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရွှေဘို ဒီဇင်ဘာ ၂၉

ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ”ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့တွင် ယမန်နေ့နံနက် ၆ နာရီ အချိန် မြို့တော်ခန်းမတွင် စုရပ်ပြုလုပ်၍ စုပေါင်းလမ်းလျှောက်ခဲ့သည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား(၅၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ရန်ကြီးအောင်ပန်းခြံတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘို(ခရိုင်ပြန်/ဆက်)