တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်စိုက်ထူ

တောင်တွင်းကြီး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆပ်ကော်မတီမှ ထုတ်ဝေသည့် အသိပညာပေးနံရံကပ်ဘုတ်အား ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှေ့လမ်းဆုံတွင် စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး မြေစိုက်နံရံကပ်ဘုတ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ( ၂၀၁၉ ခုနှစ်) ဥပဒေ ပုဒ်မ ၁၀၃ အကြောင်းများ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ ကလေးအလုပ်သမားဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည်တို့ပါရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးမြေစိုက်နံရံကပ်ဘုတ် စိုက်ထူထားခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)