ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့် Grade- 5နှင့် အလယ်တန်းအဆင့် Grade- 9 အရည်အသွေးမြှင့် ဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် Grade- 5နှင့် အလယ်တန်းအဆင့် Grade- 9 အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌  အခြေခံပညာမူလတန်းအဆင့် Grade- 5နှင့် အလယ်တန်းအဆင့် Grade- 9 အရည်အသွေးမြှင့် ဆွေးနွေးပွဲ ကျင်းပရခြင်းမှာ ဆင်ပေါင်ဝဲမြို့နယ်အတွင်း (အလယ်တန်း၊ မူလတန်း) အဆင့်ရှိ ဆရာ၊ ဆရာမများ အနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှု စွမ်းရည်နှင့် သင်ကြားမှု နည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ် တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကိုတတ်ကျွမ်းနားလည် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများတက်ရောက်ပြီး မြို့နယ်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသော ဆရာ၊ ဆရာမများက ဒီဇင်ဘာ(၂၈) ရက်နေ့မှ(၃၁) ရက်နေ့အထိ ဆွေးနွေးပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)