ပခုက္ကူ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်ပညာတတ် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်၊ နိုင်ငံတော်၏နေ့ထူးနေ့မြတ်များအကြောင်း အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ် စေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် (၇၇)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော၊ ပန်းချီနှင့်အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်အလိုက် စာစီစာကုံးပြိုင်ပွဲတွင် ၈၁ ဦး၊ ကဗျာပြိုင်ပွဲတွင် ၄၈ဦး၊ ကျပန်းစကားပြောပြိုင်ပွဲ တွင် ၁၅ ဦး၊ ပန်းချီပြိုင်ပွဲတွင် ၅၅ ဦး၊ စုစုပေါင်းကျောင်းသား၊ကျောင်းသူ ၁၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြ ကြောင်း၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အပြေးနှင့်အခြားအားကစား ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၅၂၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရရှိသူများကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)