ပိုင်ကျုံမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပိုင်ကျုံ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့၊ အမှတ်()ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အများပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ်စည်ပင်သာယာအဖွဲ့မှဆောင်ရွက်သော (၇၅၀၀'×၁၈'×၆'')ရှိ လမ်းမကြီးဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ KNU ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)