ကံမမြို့နယ်၌ ၂၀၂၄-ခုနှစ် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကံမ ဒီဇင်ဘာ ၂၉

ကံမမြို့နယ်၌ ပြည်သူများ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများပါဝင်၍ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှစတင်ကာ လမ်းမတော်လမ်းတစ်‌လျှောက်မှ ကညင်တိုင်းကျေးရွာ လမ်းပေါက်အထိ ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အပြန်တွင် မြို့နယ်အားကစားကွင်းအတွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)