ကျွန်းလှ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေကျွန်းမြေအားကစားကွင်းမှစတင်၍ မြို့တွင်း တစ်ပတ် စုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းနှင့် Myanmar Fitness Dance တစ်ပျော်တစ်ပါး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၀၀) ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မျိုးဝင်းညို