ကျွန်းလှ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနအသီးအသီးမှ ပြိုင်ပွဲ (၆) သင်း၊ အားကစားသမား (၇၂) ဦးဖြင့် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပမည်ဖြစ် ကြောင်း၊ ပထမနှင့်ဒုတိယဆုရ အားကစားအသင်းများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)