ချောက် ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စလေမြို့၌စလေမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံဝန်းအတွင်း၌ယမန်နေ့နံနက်၈နာရီခွဲအချိန်ကဆောင်ရွက်သည်။
အဆိုပါမီးငြိမ်းသတ်သရုပ်ပြမှုကို စလေမြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဘုန်းပြည့်စုံနှင့်တပ်ဖွဲ့ဝင်များ ကမီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုကိုင်တွယ်ပုံအား ရှင်းလင်းခြင်း၊ ဆီမီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသစေခြင်း၊ မီးငြိမ်းသတ်ယာဉ်များဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်းများကိုဆောင်ရွက်ခဲ့ရာ စလေမြို့အုပ် ချုပ်ရေးမှူးဦးသော်သန့်ဇင်နှင့် တာဝန်ရှိသူများ၊ အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံမှူးနှင့် ဝန်ထမ်းများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)