မြို့သစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးနှင့် အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်

မြို့သစ်    ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ မြို့နယ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများအား ဓာတ်အားအပြည့်အဝရရှိရေးဦးစားပေးဆောင်ရွက်လျက်ရှိသည်။

မြို့သစ်မြို့ပေါ်တွင် ရပ်ကွက်များအတွင်း လျှပ်စစ်ဓာတ်အားလိုင်းဆွဲထားသည့် ကြိုးများနှင့် မလွတ်ကင်းသည့်လမ်းဘေးသစ်ပင်ကြီးများမှ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းမှုများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားလိုင်းတာဝန်ခံဝန်ထမ်းများက လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေး၊ လျှပ်စစ်အန္တရာယ်မကျရောက်စေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းမှ တာဝန်ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း  (ပြန်/ဆက်)