သာပေါင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ ကျင်းပ

သာပေါင်း ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်းဧရာထိုက်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ခြင်းနှင့်ပိတ်ပွဲအခမ်းအနား အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း (ကိုယ်စား) မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအတွင်းရေးမှူးဦးစောလင်းက အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) စာကြည့်တိုက်အတွက် စာအုပ်၊စာစောင်များလှူဒါန်းပေးအပ်ကာ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အခြေခံပညာကျောင်းများမှ ကိုယ်စားပြုအကအလှအဖွဲ့များက ဆက်လက်ကပြ‌ဖျော်ဖြေကြကာ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)