ကျောင်းကုန်းမြို့၌ ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျောက်ပွဲ စတုတ္ထပတ်ဆင်နွှဲ

ကျောင်းကုန်း ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင် ဘာလလူထုအားကစားလှုပ်ရှားမှုအဖြစ် လူထု စုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထပတ်)ကို ယ နေ့နံနက် ၅း၃၀ နာရီအချိန်ခန့်က မြို့နယ်ထွေ/ အုပ်ရုံးရှေ့မှ စတင်လမ်းလျောက်ခဲ့ကြသည်။

အဆိုပါ လူထုလမ်းလျောက်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ /ဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်ကာကမ်းနား လမ်း၊ ဆေးရုံလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မီတာ(၄၀၀)မြို့မအားကစားကွင်းသို့ တပျော် တပါးစုပေါင်းလမ်းလျှောက်ကာကိုယ် လက်လှုပ်ရှားမှုလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ (၂)များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)