လှိုင်းဘွဲမြို့နယ် ထီးတာ​ဟော်ကျေးရွာ သံကူကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး

လှိုင်းဘွဲ ​​ ဒီဇင်ဘာ  ၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်      အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာ အုပ်စု၊ ထီးတာ​ဟော်ကျေးရွာ သံကူကွန်ကရစ်တံတားဆောက်လုပ်ခြင်း (အလျှား ၂၁ပေ x အနံ ၁၈ပေxအမြင့် ၁၀ပေ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၂၃,၅၀၀,၀၀၀)ကျပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်​နေရာတွင် (၈၀)ရာခိုင်နှုန်း ပြီးစီး​နေပြီ ဖြစ်​ကြောင်းသိရသည်။

အဆိုပါ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက် နည်းပညာမှူး မခိုင်ဇင်ညို၊ လူထုစည်းရုံး​ရေးမှူး နန်း​ချောစုကြည်တို့မှ အနီးကပ်ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာအကြံ​ပေးဦးအောင်​ကျော်ဇံ၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်အင်ဂျင်နီယာ အကြံ​ပေး​ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေခြင်းဖြစ်ပြီး ၁၀၀%ပြီးစီးပါက ထီးတာ​ဟော်ကျေးရွာမှ အိမ်​ထောင်စု (၄၁)စု၊ လူဦးရေ (၂၇၀)ဦးတို့ အတွက် လမ်းပမ်းဆက်သွယ်​ရေး ​အဆင်​ပြေ​ချော​မွေ့စွာဖြင့် သွားလာနိုင်မည်ဖြစ်​ကြောင်းသိရပါသည်။

ခင်စန်းမြင့်(ပြန်/ဆက်)