နတ်မောက်မြို့၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ

နတ်မောက် ဒီဇင်ဘာ ၂၈

လူတစ်ဦးချင်းမှအစပြု၍ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန် တစ်မျိုးသားလုံး ကျန်မာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံက် (၆) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရုံးရှေ့၌ စတင်စုပေါင်း လမ်းလျှောက်ပွဲကျင်းပခဲ့သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြို့ပေါ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်းကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။လူထုလမ်းလျှောက်ပွဲ သို့ ပါဝင်ဆင်နွှဲကြသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှစတင်၍ နတ်မောက်-ပျော်ဘွယ်ကားလမ်းအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ သတ်မှတ်ထားသည့်ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့ တွင် စုပေါင်း ကိုယ်လက်  ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)တို့ကို စုပေါင်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်းပြုလုပ်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ကျောင်းသား/သူ များနှင့် ရပ်ကွက်နေပြည်သူများပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရသည်။

လှဝင်း