ပွင့်ဖြူမြို့နယ်၌ ဒီဇင်ဘာအကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူ ၆၅၀ ဦး ‌ပါဝင်ဆင်နွှဲခဲ့

ပွင့်ဖြူ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် လမ်းလျှောက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် ၊ နံနက် ၅ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်ပြုလုပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ၊ စုစုပေါင်း ၆၅၀ ဦးခန့် ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ ကြသူများက စုရပ်ဖြစ်သည့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ပွင့်ဖြူ-မင်းဘူး-စလင်း သွားကားလမ်းမကြီးအတိုင်း လေးတိုင်စင်လမ်းဆုံအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ တာဝန်ခံမြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၏ဦးဆောင်မှုဖြင့် အကြောလျှော့လေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းပြုလုပ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အများပြည်သူ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ကိုယ်လက်ကျန်းမာ လေ့ကျင့်မှုများဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ နှစ်စဉ် ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၆၅၀ ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)