သရက်မြို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်

သရက် ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ကြီးကြပ်မှု့ဖြင့် သရက်မြို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ခြင်းကို သရက်ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင် ဦးဆောင်သော အထူးကုဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့မွန်းလွဲ (၁) နာရီက အုတ်ဖိုတိုက်ကျောင်း မြတ်ပါရမီပရဟိတ (အခမဲ့) ဆေးခန်းနှင့် လူမှုကူညီရေး အသင်းရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမဲ့ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ရာတွင် သံဃာတော် (၄၂) ပါးသာသနာ့ အနွယ်ဝင်သီလရှင် (၁၁) ပါး၊ အသက် (၈၅) နှစ်နှင့်အထက်အဘိုးအဘွား (၅) ဦးနှင့် ပင်စင်စား (မငြိမ်းစား) ဝန်ထမ်း (၇၇) ဦးတို့ကိုကုသပေးခဲ့ပြီး ပြင်းထန်းဝမ်းလျော့ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင်လည်း ကျန်းမာရေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများ ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင်လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ချရေးအသိပညာပေးပြော ကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက် (သရက်)