အထက်မင်းလှ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ တောမီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးဂရုပြုဆောင်ရွက်ရန်၊ တောမီးလောင်ကျွမ်းမှုနှင့် မြူခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာအကြောင်းအရာများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ သည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)