ဖျာပုံ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးရာတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်စွာလင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ရေးကျောက်တိုင်ဝန်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲများ၊ ပျော်ပွဲ၊ရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး စသော လုပ်ငန်းများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦးတို့က ပွဲတော်ကာလအတွင်း လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ကဏ္ဍအလိုက် ဆွေးနွေးမေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)