လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များအား တတိယအကြိမ်မြောက် ချီးမြှင့်ငွေများ ပေးအပ်

လွိုင်ကော် ဒီဇင်ဘာ ၂၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များအား တတိယအကြိမ်မြောက် ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကော်မတီဝင်များက ထိခိုက်လွယ်အုပ်စုဝင်များအား ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ထိခိုက်လွယ်အုပ်စုဝင်ဖြစ်ကြသည့် အသက်(၃)နှစ်အောက် ကလေး(၁၅၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၁)ဦး၊ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်(၁၁၁)ဦး စုစုပေါင်း (၂၈၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်း ချီးမြှင့်ငွေကျပ် (၈၅)သိန်း (၅)သောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဇင်(ပြန်/ဆက်)