ပခုက္ကူ ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက “အညာရဲ့တမာ တက္ကသိုလ်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်နှင့် ဒုတိယ ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ဆက်လက်၍ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များက ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ သင်ကြားရခြင်း အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားကြပြီး ဘာသာ ရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)